Quran Apps in many lanuages:

Surah Yusuf Ayahs #58 Translated in Burmese

وَقَالَ الْمَلِكُ ائْتُونِي بِهِ أَسْتَخْلِصْهُ لِنَفْسِي ۖ فَلَمَّا كَلَّمَهُ قَالَ إِنَّكَ الْيَوْمَ لَدَيْنَا مَكِينٌ أَمِينٌ
ထိုအခါ ဘုရင်မင်းမြတ်က အသင်တို့သည် ထိုယူဆွဖ်အား ငါ့ထံသို့ ပင့်ဆောင်ခဲ့ကြလေကုန်။ ငါသည် ၎င်းအား မိမိအဖို့ ရွေးချယ်အံ့ဟု အမိန့်ပေးခဲ့လေသည်။ တစ်ဖန်ယင်းယူဆွဖ်သည် ထိုဘုရင်နှင့် စကားပြောဆိုလေသောအခါ၊ထိုဘုရင်က (ယူဆွဖ်အား) အသင်သည် ယနေ့မှစ၍ ကျွန်ုပ်၏ထံတွင် မြင့်မြတ်သောဂုဏ်ဒြပ်နှင့်ပြည့်စုံသူ၊ ယုံကြည်စိတ်ချအပ်သူဖြစ်သည်ဟု ချီးမြှင့်ပြောကြား မြှောက်စား ခဲ့လေသတည်း။
قَالَ اجْعَلْنِي عَلَىٰ خَزَائِنِ الْأَرْضِ ۖ إِنِّي حَفِيظٌ عَلِيمٌ
(ထိုရောအခါ) ယင်းယူစုဖ်က အသင်သည်ကျွန်ုပ်အား တိုင်းပြည်၏ ဘဏ္ဍာတော်များအပေါ်၌ (ကြီးကြပ်အုပ်ထိန်းသူအဖြစ်) ခန့်အပ်ပါလေ။ ဧကန်စင်စစ် ကျွန်ုပ်သည်ထိန်းသိမ်းနိုင်သူ၊ အသိပညာနှင့် ပြည့်စုံသူပင်ဖြစ်သည်ဟုပြောကြားခဲ့လေ၏။
وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي الْأَرْضِ يَتَبَوَّأُ مِنْهَا حَيْثُ يَشَاءُ ۚ نُصِيبُ بِرَحْمَتِنَا مَنْ نَشَاءُ ۖ وَلَا نُضِيعُ أَجْرَ الْمُحْسِنِينَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ယူဆွဖ်အား တိုင်းပြည်တွင် ထိုယူဆွဖ်သည် ယင်းတိုင်းပြည်၌ မိမိနေလိုသောနေရာတွင်နေထိုင်ရန် အာဏာကိုချီးမြှင့်တော်မူခဲ့လေသည်။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူ၌ မိမိကရုဏာတော်ကို သက်ရောက်စေတော်မူ၏။၎င်းပြင် ငါအရှင်မြတ်သည် ကောင်းမှုပြုလုပ်သူတို့၏အကျိုးကိုအချည်းအနှီး ဖြစ်စေတော်မူသည် မဟုတ်ပေ။
وَلَأَجْرُ الْآخِرَةِ خَيْرٌ لِلَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
သို့ရာတွင် အီမန်သက်ဝင်ယုံကြည်၍ (ပြစ်မှုဒုစရိုက်များမှ) အမြဲတစေ ကြဉ်ရှောင်လျက်ရှိကြ သောသူတို့အဖို့မှာကား နောင်တမလွန်ဘဝ၏ အကျိုး သည် အကောင်းဆုံးပင်ဖြစ်ပေသတည်း။
وَجَاءَ إِخْوَةُ يُوسُفَ فَدَخَلُوا عَلَيْهِ فَعَرَفَهُمْ وَهُمْ لَهُ مُنْكِرُونَ
ထို့နောက် ယူဆွဖ်၏ နောင်တော်တို့လည်း (အီဂျစ်သို့)လာခဲ့ကြပြီး၊ ယင်းယူဆွဖ်၏ထံ ဝင်ရောက်ခဲ့ကြလေသည်။ ထိုအခါ ယင်းယူဆွဖ်သည် ၎င်းတို့အား မှတ်မိခဲ့လေသည်။ သို့ရာတွင် ယင်းတို့မူကား ထိုယူဆွဖ်အား မမှတ်မိကြပေ။

Choose other languages: